ကမမောင်း မေ ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီက ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာကြည့်တိုက် လက်ထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှက အသိပညာပေးဆွေးနွေးပွဲTalk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရုပ်သံ-၃(အင်အားပြ) ဦးသန့်ဇင်ဝင်းက ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များ၊ ရေထု၊ လေထုညစ်ညမ်းမှု၊ မြေဆီလွှာပြုန်းတီးမှုမှ ကာကွယ်ရမည့်အချက်များ၊ အပင်များမပျက်စီးစေရန် ထိန်းသိမ်းရမည့်အချက်များ၊ သစ်တောသစ်ပင်များ ရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကာကွယ်ရမည့် အချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေး Talk Showဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန့်ဇင်(ကမမောင်းပြန်/ဆက်)