နယ်ရုံးများ၏သတင်းများ

May 24,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ညနေ(၃)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။
May 24,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြု Community Centre ခန်းမတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Youth Club အသင်းများနှင့်ပူးပေါင်း၍ စာရေးသူ မင်းခန့်ရွှေ ရေးသားထားသော "ရေဆာရေသာသောက်ပါနှင့်မြန်မာမှုစာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
May 24,2023
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများ ပပျောက်စေရေးတွက် အထူးအလေးထားရည်ရွယ်ကာ က‌လေးအလုပ်သမားပပျောက်ရေး အသိပညာပေး” (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 24,2023
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ထက်ကျော် ရေးသားသည့် "လောကဓံနှင့် ဘောလုံးကစားခြင်း" စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
May 24,2023
ကျုံပျော်ခရိုင်၊ငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လည် (၂) နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဇင်မီမီဝင်းက စာပေဖတ်ရှု့ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ချယ်ရီမြင့်က စားသုံးသူများရှောင်ကြဥ်ရမည့် အစားအသောက်များနှင့် စားသုံးသူများ၏အခွင့်အရေးများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
May 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာမှုရှိစေရန် ရည်ရွယ်၍“လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကို ယနေ့ မွန်းလွှဲ ၁နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက “မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။