နယ်ရုံးများ၏သတင်းများ

Mar 29,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များအား စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းအားဖြင့် စာပေအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Mar 29,2023
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် နွေရာသီ ပန်းချီအခြေခံရေးဆွဲနည်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
Mar 28,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် နွေရာသီ (အခမဲ့) စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
Mar 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများစာဖတ်သည့်
Mar 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီကာလ၊ ကလေးများအချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်အတွက်၊ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို၊ မတ်လ (၂၈) ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 28,2023
ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ချိန်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တောင်ငူခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ရှေးဦးပြုစုခြင်း (အ‌ခြေခံ) အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Mar 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်အတွက် ခေါင်းဆောင် ကောင်းများဖြစ်လာမည့် လူငယ်များ အသိပညာမြင့်မားရေးအတွက် ဝါသနာတူလူငယ်များ စုစည်း၍ လူငယ်အသင်း (Youth Club) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Mar 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ဘက်တီးရီးယားဌာနစိတ်) သို့ သွားရောက်ငှားရမ်းပေးခဲ့သည်။