နယ်ရုံးများ၏သတင်းများ

Mar 29,2023
ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Mar 29,2023
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဖွဲ့စည်းထားသော စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ ဦးဆောင်၍ စာဖတ်ဝိုင်းများအား လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 29,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လူငယ်နှင့် မူးယစ်ဆေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Mar 29,2023
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်း​ဒေသကြီး၊ တွံတေးခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးကကြီးမှူးဖွင့်လှစ်သော မြို့နယ်အဆင့်မူလတန်းဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀:၃၀ နာရီက တွံတေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Mar 29,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်က အဆိုပါခန်းမ၌ ကျင်းပခဲ့သည်။
Mar 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဥ်ကို ရိုက်ကူးထုတ်လွှင့်ခဲ့သည်။