ဒိုက်ဦးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ဒိုက်ဦး ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးနံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

သင်တန်းသူ/သားများအနေဖြင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရုံးချုပ်မှ ပေးပို့သော သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များ အကြောင်းအသိပညာပေး နံရံကပ်စာစောင်များပြသထားရာ သင်တန်းသူ/သားက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)