နယ်ရုံးများ၏သတင်းများ

May 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမတွင် နိုင်ငံတစ်ဝန်းလုံးရှိ  ပြည်သူများသဘာဝဘေးအန္တရာယ်များသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့မွန်းပိုင်းက    မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး Talk Show အစီအစဉ်ကို  ကျင်းပပြုလုပ်ခဲ့ကြသည်။
May 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ ​ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေကြီးရေလျှံမှုများကြောင့် ဘေးအန္တရာယ်ကြုံတွေ့လာပါက အလွယ်တကူအသုံးပြုနိုင်ရန် (၅) ဂါလံဆန့် ပလပ်စတစ်ပုံးများနှင့် အသက်ကယ်အင်္ကျီများ အသုံးပြုနည်းများကို ​ယနေ့နံနက် (၉) နာရီက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
May 12,2023
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
May 12,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးဦးကျကာလနှင့် မုန်တိုင်းအန္တရာယ်တို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် သစ်ပင်များလဲပြို အန္တရာယ်မဖြစ်စေရေးအတွက် ယနေ့ နံနက် (၁၀) နာရီက ကန်ဖျားရပ်ကွက် ပိတောက်ပင် လမ်းဆုံအနီးရှိ သစ်ပင်အကိုင်းအခက်များအား တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။
May 12,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွှဲ (၁) နာရီက “မုန်တိုင်းအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
May 12,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက စဉ့်ကူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
May 12,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက စဉ့်ကူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
May 12,2023
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က ဒေသနေပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။