ပုလော ဇွန် ၁၃
၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲ၊ သုတ/ရသ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၈ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပုလောမြို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်ကို သိရှိပြီး အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းတိုက်ဖျက်နိုင်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က အခမဲ့ဖြန့်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ ဖြန့်ဝေ ခဲ့ကြသည်။
ဆက်လက်၍ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးမော်က မူးယစ်ဆေးဆိုသည်မှာ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲရခြင်း၏ အဓိကအကြောင်းအရာများ၊ ကျောင်းသား/ လူငယ်များအနေဖြင့် လိုက်နာရမည့် အချက်များကို ရှင်းလင်းဟောပြောခဲ့သည်။
ဇင်လေး(ပြန်/ဆက်)