သံတွဲ မေ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကြိမ်ချောင်းကျေးရွာ၊ အလင်းပြစာကြည့်တိုက်သို့ သွားရောက်ကွင်ဆင်း ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးမှ ဉီးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာကြည့်တိုက်တာဝန်ခံများနှင့် ရပ်ရွာနေလူငယ်များဖြင့် စာကြည့်တိုက်များ ဆက်လက်ရှင်သန်ခိုင်မာစေရန်၊ လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် လုပ်နိုင်ကိုင်နိုင်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိသည့် လူငယ်များပါဝင်သည့် ကျေးရွာစာကြည့်တိုက်ကော်မတီအား ပြန်လည်ဖွဲ့စည်းရန်လိုအပ်ကြောင်း၊ ၄င်းတို့ ဦးဆောင်မှုဖြင့် ရပ်ကွက်အလိုက် စာဖတ်သူများပြားလာစေရန်နှင့် လူငယ်များစာဖတ်သည့် အလေ့အကျင့်ရရှိစေရန်၊ ရပ်ရွာနေ လူငယ်များနှင့်ပူးပေါင်းပြီး စာဖတ်ဝိုင်းများဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ရွေလျားမော်တော်ယာဉ်ဖြင့် မြုံချောင်ကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ဇလွန်ကျေးရွာများသို့ စာအုပ်များ ငှားရမ်းပေးခဲ့ပြီး အသင်းဝင်ကတ်များ အခမဲ့ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)