မိုင်းပန် ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ ကျင်းပဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က စာဖတ်သည့် လေ့အကျင့်ကောင်းများရှိလာစေရန်၊ အထိမ်းအမှတ်နေ့များ သိရှိစေရန်နှင့် စာရေးသားသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မိုင်းပန်မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း (၂၀)ဦး လာရောက်ယှဉ်ပြိုင်လျက်ရှိပြီး ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးလျက်ရှိကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)