နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌  မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေး ဟောပြော

ကျိုင်းတုံ ဇွန် ၂၂

၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက  နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌  ကျင်းပသည်။

ဟောပြောပွဲတွင် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်သာထွန်းက အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်သွင်တို့က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှုများ ကျူးလွန်ပါက ချမှတ်ခြင်းခံရမည့် ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့် အချက်များနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အကြောင်းအရာများကို  နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)မှ ကျောင်းသား၊ ကျောင်းသူများအား  အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)