ကွမ်းလုံမြို့နယ် ဝန်ထမ်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ ပြုလုပ်

ကွမ်းလုံ ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ဝန်ထမ်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန် ကျောင်း၌ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရရှိမည့် ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ သိရှိလိုက်နာရာမည့် အချက်များကို ဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်ဓာတ်ပုံအား ကြည့်ရှုခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးသည် မိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များကို အသိပညာ ဗဟုသုတကြွယ်ဝစွာရရှိစေရန်အတွက် ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများနှင့် နယ်လှည့်စာကြည့်တိုက်များကို လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)