မိုင်းငေါ့မြို့တွင် Mobile စနစ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မိုင်းငေါ့ ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊‌ ကျောင်းသား၊ ကျောင်းသူများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့  Mobile Library ကွင်းဆင်းသွားရောက်၍ စာအုပ်များ ငှားရမ်းပေးခဲ့သည်။   

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများအတွက် သုတ/ရသ စာအုပ်စာ‌စောင်များအား အပတ်စဉ် Mobile ငှားရမ်းပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)