မိုင်းဆတ် ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ လမ်းမှားမရောက်စေရန် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ထုံထိုင်းစေသော ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်းမျိုး မပြုလုပ်ကြရန်၊ စမ်းသပ်သုံးစွဲမိပါက ဆေးစွဲသည့်အဆင့်အထိ ရောက်ရှိကာ လူတောမတိုး လူရာမဝင်ဘဝမျိုး ရောက်ရှိနိုင်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးထိခိုက်ဆုံးရှုံးမှုများဖြစ်နိုင်ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)