မင်းတုန်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

မင်းတုန်း ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပရာ အ.ထ.က‌ ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပန်းချီ (၁၆)ဦးနှင် ဉာဏ်စမ်း(၂၀)ဦး ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် မူးဆေးသုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ သိရှိနားလည်စေရန်နှင့် မိမိ၏ စဉ်းစားတွေးခေါ် လေ့လာနိုင်စွမ်း မြင့်မားစေရန်နှင့် အထွေထွေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)