နယ်ရုံးများ၏သတင်းများ

Jun 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ နံနက် ၁၁ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် ခဲ့သည်။
Jun 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များ စာကောင်းပေကောင်းများဖတ်ပြီး ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို (Youth Club) အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များသာမက အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်းတစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Jun 27,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့်စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စာသင်ကြားနေသော ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက် ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းတွင် အခဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 27,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်နှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jun 26,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်၂၀၂၃ ခုနှစ်ဇွန်လ ၂၆ ရက်​နေ့၌ကျရောက်သည့် ကမ္ဘာ့အ​အေး​ပေးပစ္စည်းများ​နေ့အထိမ်းအမှတ်"အ​အေး​ပေးဒြပ်ပစ္စည်းများအ​ကြောင်း"အသိပညာပေးTalk Show ကို ယနေ့‌နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။