ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ပန်းတနော် ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန အဆောက်အအုံတွင် ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား  ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။

အဆိုပါ ပြိုင်ပွဲများပြုလုပ်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ စသည့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ အ.မ.က (ရွာသစ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြည်ဖြိုးကျော် (ပြန်/ ဆက်)