မိုင်းငေါ့ ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က အ.မ.က ကျောင်းသို့ သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်နှင်းဆီက ကျောင်းသား/ကျောင်းသူ လူငယ်၊လူရွယ်လေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုသုတများရရှိရေး စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် မူလတန်းအဆင့် ကျောင်းသားကျောင်းသူလေးများအား စိတ်အပန်းဖြေပျော်ရွှင်စေရန် ဘိုဘို ရေးသားသော ကာတွန်းမင်းဇော်၏ “ဒေါသကြီးသောငါး” ရုပ်ပြပုံပြင်စာအုပ်ဖြင့် ပုံပြောခြင်းကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)