သရက်ချောင်း ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက ဒေသခံအမျိုးသမီးများအား ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ကျား/မအခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် Gender အမျိုးသမီးနှင့်အမျိုးသားကြား လူမှုရေးနှင့်ယဥ်ကျေးမှုအရ ခွဲခြားဆက်ဆံခြင်းအကြောင်း၊ အကြမ်းဖက်မှုအကြောင်းနှင့် အကြမ်းဖက်ခြင်းပုံစံအမျိုးမျိုး၊ ကျားမခွဲခြားမှုအပေါ်တွင် အမျိုးသား ဖိုဝါဒအရ ပါဝါအလွဲသုံးစားလုပ်ရာမှ အမျိုးသမီးများမှ အကြမ်းဖက်ခံလာရပုံ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအနေဖြင့် အရေးယူနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များနှင့် ဥပဒေများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)