မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မြစ်သား ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပ‌ပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက လူထုအ‌ခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ  ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ     ‌ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြစ်သားမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ‌ ဒေါ်ထွန်းထွန်းမော် (တရားလွှတ်တော်ရှေ့နေ)က ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် အရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမားတွေ လျော့နည်းပပျောက် အောင် ကလေးများကို အကာအကွယ်ပေးရမည့် အကြောင်းအရာများ၊ ကလေးများကို ကြမ်းတမ်းသောအလုပ်၊ အန္တရာယ်ရှိသော အလုပ်နှင့် ခေါင်းပုံဖြတ်ခံရသည့် လုပ်ငန်းမျိုးမှ အကာအကွယ်ပေးရန်နှင့် ကလေးများ၏ ကျန်းမာရေးနှင့်ပညာရေးတို့ကို ထိခိုက်စေမည့် အလုပ်မျိုးမလုပ်ရစေရန် တားဆီးကာကွယ်ပေးရမည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 

မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Onile  မှတစ်ဆင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်   ပတ်သက်သည့်   အသိပညာပေးဆွေးနွေးပွဲများကို စဥ်ဆက်မပြတ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)