ဖြူးမြို့နယ်၊ ဇဟားအနောက်မူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြော

ဖြူး ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁) နာရီအချိန်ကစတင်၍ ဇဟားအနောက်မူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟော​ပြောခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများအား စာအုပ်ပြပွဲ၊ သုံးဘီးမိုဘိုင်းလ်ယာဉ်ဖြင့် ကလေးစာပေများအားဖတ်ရှုစေခြင်း၊ ရုပ်ပြစာအုပ်ဖြင့် အသိပညာပေး ပုံပြင်များပြောကြားခြင်း၊ စက္ကူပြဇာတ်ပြသပေးခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေများအကြောင်းတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)