May 18,2023
ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာကြီးသည် ရေ၊ မြေ၊ လေထုနေရာ အနှံ့အပြားတွင် သက်ရှိအားလုံးအတွက် နှစ်အကန့်သတ်မဲ့ နေထိုင်ခွင့်၊ အကန့်သတ်မဲ့ ဦးရေတိုးပွားခွင့်များနှင့်အတူ ကောင်းမွန်သော ရာသီဥတု လက်ဆောင်ပေးထားခဲ့သည်။ ကမ္ဘာကြီးပေါ်တွင် စိမ်းစိုလန်းဆန်းခြင်း၊ အပူအအေးညီမျှခြင်း၊ ရေကောင်းရေသန့်နှင့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးထားခဲ့သော်လည်း လူသားများ၏ မဆင်မခြင်ပြုမူ နေထိုင်မှုများကြောင့် ကမ္ဘာကြီးသည် ပူနွေးလာခြင်း ဂေဟစနစ်များ ပြောင်းလဲလာပြီးသဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအကြောင်း အသိပညာပေး Talk Show အား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။