နယ်ရုံးများ၏သတင်းများ

Jun 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နယ်လှည့်ဟောပြောပွဲ၊ စာအုပ်စာစောင်ငှားရမ်းခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မန်ကန်မြို့နယ်၊ မန်ပန်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။
Jun 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊‌ ကျောင်းသား၊ ကျောင်းသူများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ယနေ့နံနက် (၁၀) နာရီအချိန်က တာလုံရပ်ကွက် အ.မ.က ကျောင်းသို့ (Mobile Library) ကွင်းဆင်းသွားရောက်၍ စာအုပ်များ ငှားရမ်းပေးခဲ့သည်။
Jun 20,2023
ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ မော်လ​မြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ​ရေးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာမောင်ကျေးဇူး ရေးသားသော “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေး ဝါးအန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Jun 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
Jun 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ယမန်နေ့မွန်းလွဲ(၂)နာရီက အ.ထ.က(ကဝ)နှင့် အ‌ခြေခံပညာကျောင်းများ၌ ဖြန့်ဝေပေးခဲ့သည်။
Jun 20,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်နေသည့် ကျောင်းတွင်းအခမ်းအနားများ၌ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Jun 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Jun 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။