ပန်ဆိုင်း ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဇူလိုင်(၁၉)တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းများအား ယမန်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်) မြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ဆောင်ရွက်ရာတွင် သုတ/ရသ စာအုပ်များ မဂ္ဂဇင်း၊ ရုပ်ပြစာစောင်များနှင့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းများတို့ကို ဝေဝေဆာဆာ ပြသထားရာ ပန်ဆိုင်း (ကြူကုတ်) မြို့နေ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပန်ဆိုင်း (ပြန်/ဆက်)