(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ

ကျောက်ပန်းတောင်း ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများ အာဇာနည်နေ့ကို အောက်မေ့သတိရစေရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းအား ချစ်ခင်မြတ်နိုးစိတ်များ ထက်သန်လာစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့  မွန်းလွဲ ၁:၃၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီဆွဲပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်စန်းညွန့်ဌေး(အထပြ)၏ ကြီးကြပ်မှုဖြင့်  Grade-10 မှ ကျောင်းသား/ကျောင်းသူ ၁၃ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ရေးဆွဲခဲ့ကြပြီး ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒုတိယဦးစီးမှူးနှင့် ဆရာမဒေါ်စန်းညွန့်ဌေးတို့က ကြီးကြပ်ခဲ့ကြပြီး မွန်းလွဲ ၃ နာရီတွင် ပြိုင်ပွဲ ပြီးဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ဟူ၍ ဆုသုံးဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရပြီး၊ ဆုရရှိသူများကို ဇူလိုင်(၂၀)ရက်နေ့တွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။