ကျောက်ဆည်မြို့တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကျောက်ဆည်  ဩဂုတ်  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ယနေ့နံနက်(၁၀)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ စာပေဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရေး၊ စာပေချစ်မြတ်နိုးသည့်စိတ်များ ကိန်းအောင်းလာပြီး ယဉ်ကျေးလိမ္မာ၍ ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေးအတွက် စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ  ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ  ကျင်းပပြုလုပ်ခဲ့ရာ  အလယ်တန်းအဆင့် ကျောင်သား/ကျောင်သူ(၃၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း၊ အလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်