မက်မန်း ဩဂုတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်ရေးလှုပ်ရှားမှုအနေဖြင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာတိုးတက်စေရေးအတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အာဇာနည်နေ့အကြောင်း၊ အမျိုးသားအောင်ပွဲနေ့၊ ပြည်ထောင်စုနေ့အကြောင်း၊ လွတ်လပ်ရေးနေ့နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနှင့် သဘာဝဘေးကြိုတင် ကာကွယ်ရေးအသိပညာပေး၊ မသန်စွမ်းဆိုင်ရာကိစ္စများ၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စိုက်ပျိုးရေး အစရှိသဖြင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် စာအုပ်/စာစောင်ပြသခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ်ပြသဆောင်ရွက်လျက်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ပြောကြားသည်။
အဆိုပါ စာအုပ်/စာစောင်ပြသပွဲကို ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)