ရမည်းသင်း ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းမြို့၊ ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပညာ့ဂုဏ်ရည်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဒုတိယကျောင်းအုပ်ကြီး ဦးခင်မောင်ရင်က စိတ်ဓာတ်စည်းကမ်းပညာ၊ ယဉ်ကျေးလိမ္မာသောအသိပညာများ၊ အမှား၊ အမှန်၊ အကောင်းအဆိုးခွဲခြားခြင်း၊ ယဉ်ကျေးမှု၊ ရိုသေမှု၊ လေးစားမှု၊ နိုင်ငံသားကောင်းရတနာများ ဖြစ်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပရခြင်း ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြင့်ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေပြီ းတစ်ဦးနှင့်တစ်ဦးအသိပညာ အတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နှုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်းကျောင်း Grade-11 မောင်မြင့်မြတ်နိုးမှ လူငယ်နှင့်ဝတ်စားဆင်ယင်မှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသူ မယွန်းဝတီဦးက တိုင်းတစ်ပါး၏ယဉ်ကျေးမှုလွှမ်းမိုးမှုများခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်မင်းခန့်ကို စာပေယဉ်ကျေးမှုများ ထိန်းသိမ်းရန်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသူ မဆုပြည့်ရတီအောင်က ကိုးကွယ်ရာဗုဒ္ဓဘာသာယဉ်ကျေးမှုခေါင်းစဉ်များဖြင့် လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြသည်။
၎င်းနောက် တက်ရောက်လာသည့် Grade-9 ၊ Grade-8 နှင့် Grade-7 ကျောင်းသား ၊ ကျောင်းသူတို့မှ ကဏ္ဍအလိုက်သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ကျောင်းသူတို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး ဦးစီးအရာရှိ ဒေါ်သန္တာလင်း၊ ဒုကျောင်းအုပ်ဦးခင်မောင်ရင်နှင့် Youth Club အသင်းဉက္ကဋ္ဌ ဦးအေးမင်းမြတ်တို့က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပညာ့ဂုဏ်ရည်ကိုယ်ပိုင်အထက်တန်းကျောင်း ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများစုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်၊ရမည်းသင်း)