Jul 06,2023
ကျောင်းသား၊ လူငယ်များအနေဖြင့် စာပေမှရရှိသည့် အသိပညာဗဟုသုတများရရှိစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ ပြောတတ်စေရန်နှင့် စာဖတ်စွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။