ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကလော စက်တင်ဘာ ၁၈

ယနေ့ခေတ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍  ယနေ့ နံနက် ၁၀  နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးရာတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က  နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ လူငယ်များအသိပညာ၊ အတက်ပညာပြည့်စုံရန်လိုအပ်ပြီး လူငယ်များ ဗလငါးတန်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်း၊ လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်တို့ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် အဆိုပါ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ ရရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)