နယ်ရုံးများ၏သတင်းများ

Jul 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။
Jul 07,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နံနက် ၁၀ နာရီခွဲအချိန်က အ.မ.က (မူလွန်)ဘန့်ဘွေးကုန်းနှင့် မွန်းလွဲ ၁ နာရီခွဲအချိန်က အ.မ.က(မူလွန်) ကျောက်တလင်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jul 07,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပညာရေးဌာနနှင့်ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီအချိန်က အလယ်တန်းအဆင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။
Jul 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများအနေဖြင့် စာပေလေ့လာဖတ်ရှုမှတ်သားမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ လူမှုဆက်ဆံရေးတို့တွင်များစွာ အထောက်အကူပြုနိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
Jul 07,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 07,2023
ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။
Jul 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က နတ်သျှင်၊ ရွှေဂူ ရေးသားထားသော “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 06,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူတမ္ပခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။