မိုင်းရှူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်

မိုင်းရှူး စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက စာပေဝါသနာရှင်၊ စာဖတ်သူအချင်းချင်း ဗဟုသုတများဖလှယ်နိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာရေးဆရာဖေမြင့်၏ တန်ဖိုးထားအပ်သောအရာများ စာအုပ်ဖြင့်လည်းကောင်း၊ ဒေါ်သီတာလှိုင်က စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ၏ ကြီးပွားအောင်မြင်အောင်ပန်းကိုဆင် စာအုပ်ဖြင့်လည်းကောင်း၊ ဒေါ်စုမြတ်မွန်က စာရေးဆရာ ကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစုသားရွှေဥစာအုပ်ဖြင့်လည်းကောင်း မိမိတို့ ဖတ်ရှုလေ့လာထားစာအုပ်မှ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)