နယ်ရုံးများ၏သတင်းများ

Sep 03,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၈)နာရီအချိန်က လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နေ့လယ် (၁၁)အချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က(ခွဲ)ဘဲဂရက်ကျောင်းသို့ သုတ၊ရသ စာအုပ်/စာစောင်မျိုးစုံယူဆောင်၍ လာရောက်ငှားရမ်းပေးခဲ့ကြသည်။
Sep 03,2023
မကွေးတိုင်းဒေသကြီး၊ သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ကျောင်းပတ်ဝန်းကျင်များနှင့် ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မကွေးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မကွေးတပ်နယ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
Sep 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မယ်ဘေ့ကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီက ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 03,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အ.ထ.က(၃) အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီအချိန်က စာပေဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 03,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာပေဟောပြောပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Sep 03,2023
ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတက်စေရန် ရည်ရွယ်၍  ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
Sep 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် အ.ထ.က ထန်းကုန်း၌ ကျင်းပသည်။