နယ်ရုံးများ၏သတင်းများ

Sep 05,2023
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့် တင်ရေးMobile Library စနစ်ဖြင့် စာအုပ်စာစောင်များ( အခမဲ့) ငှားရမ်းပေးခြင်းကို ယမန်နေ့နေလယ်(၁) နာရီအချိန်က ဂန္ဓာရီပရဟိတ ကျောင်းသို့သွားရောက်ကာ (အခမဲ့)ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။
Sep 05,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အ.ထ.က ကျိန္တလီကျောင်းရှိ ဆရာ/မများနှင့် မြို့စည်ပင်သာယာရေးရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ခြောက်ပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ခြောက်ပင်)၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေး များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော လူငယ် စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ အထက်တန်း၊ အလယ်တန်း၊ ကျောင်းသား၊ ကျောင်းသူ၊ (၃၄၈) ဦး တက်ရောက်ခဲ့ကြသည်။
Sep 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းမျာသည် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက နမ့်နန်း(ရှမ်း)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(မကျီးပင်)တွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Sep 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့်‌ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က မိုင်းစံမြို့ အ-ထ-ကကျောင်းသို့ငှားရမ်းပေးလျက်ရှိသည်။