Sep 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နေ့လယ် (၁၁)အချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က(ခွဲ)ဘဲဂရက်ကျောင်းသို့ သုတ၊ရသ စာအုပ်/စာစောင်မျိုးစုံယူဆောင်၍ လာရောက်ငှားရမ်းပေးခဲ့ကြသည်။