ရွှေကျင် ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၂)နာရီ အချိန်က ရှမ်းကြေးရပ်ကွက် အခြေခံပညာအထက်တန်း(တပ်နယ်) ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီသီဆိုင်က ကျောင်းသား၊ ကျောင်းသူလေးများအား အား/ကာသိပ္ပံ တက်ရောက်နိုင်ရေး အကြောင်းအရာများ၊ လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မို့မို့သွင် (ရုပ်သံကျွမ်းကျင်-၃)က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးခေါင်းစဥ်ဖြင့် အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည့်မေးမြန်းချက်များကို မေးမြန်းကြရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီသီဆိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မို့မို့သွင်(ရုပ်သံကျွမ်းကျင်-၃)တို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)