ပခုက္ကူမြို့၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူငယ်လူရွယ်များ အသိပညာဗဟုသုများ ကြွယ်ဝစေရေး ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်း၊ ပုံပြင်၊ ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲများ ကျင်းပခြင်း၊ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းများ ဆောင်ရွက်ပေးနေမှုအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောသည်။

အဆိုပါ ဟောပြောပွဲသို့ ပခုက္ကူမြို့၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)