နယ်ရုံးများ၏သတင်းများ

Oct 06,2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူးပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်​နေ့မွန်းလွဲပိုင်းတွင် ပေါက်တောမြို့နယ်ရှိ အခြေခံပညာ အ.ထ.က(သဝင်ချောင်း) ကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
Oct 06,2023
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာအုပ်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသလျက်ရှိသည်။
Oct 06,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်၊၊
Oct 05,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲ (၁) နာရီက အဆိုပါမြို့နယ်ရုံး လူထုအခြေပြဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Oct 05,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃၂)အခြေခံပညာ‌မူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို  ယနေ့နံနက်(၁၁) နာရီက ကျင်းပခဲ့သည်။
Oct 05,2023
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကသွင်းအားစုအဖြစ် ပါဝင်နိုင်‌ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး ဟူသော ဦးတည်ချက်နှင့်အညီ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စကားပြော စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၃ ရက်နေ့၊ နံနက် ၈ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်သည်။
Oct 05,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အ.ထ.က(၄)မြိတ်တွင် ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
Oct 05,2023
ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်၊ အသိပညာဗဟုသုတများကြွယ်ဝစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စာဖတ်ရှိန်မြင့်မားစေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။