ရွှေပြည်သာမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရွှေပြည်သာ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး‌ ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာစေရန် အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန်၊ တင်္ခနုပ္ပတ္တိဥာဏ်များ ဖွံ့ဖြိုးရှင်သန်လာ‌စေရန်၊ နှုတ်မှုရေးရာစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက ရွှေပြည်သာမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း ပြည်‌ထောင်စုခန်းမတွင် ကျင်းပသည်။

အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ရွှေပြည်သာမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ‌ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်တင်တင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အသိပညာပေးဟောပြောပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၏ ရည်ရည်ချက်များအား ရှင်းလင်းပြောကြား၍ စာ‌ရေးဆရာအသင်း အတွင်းရေးမှူး ချိုပန်းချီ(ပညာရေး)၊ အမှတ်(၂၂)ရပ်ကွက် လမ်းပြကြယ်စာကြည့်တိုက်မှူး ဦးမိုးလွင်နှင့် စာရေးဆရာ ဝင်းနွယ်(ပုသိမ်)တို့က လူငယ်ရေးရာ အသိပညာပေးဟောပြောကြောင်း သိရသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို‌ ကျင်းပရာ အမှတ်(၇)ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၂၂)ဦးမှ “ယနေ့လူငယ် နောင်ဝယ်လူကြီး၊ အားကစားဖြင့် နိုင်ငံဂုဏ်ကိုမြင့်တင်စို့၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ စာပေမြင့်မှလူမျိုးတင့်မည်၊ အစဥ်‌ရှေးရူ မြန်မာ့ယဉ်ကျေးမှုမူးယစ်ရန်စွယ်တို့ ကာကွယ်” ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ဆက်လက်၍‌ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား‌/သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်း‌ကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)