နယ်ရုံးများ၏သတင်းများ

Sep 29,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 29,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 29,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 28,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(လားရှိုး) Community Centre (Lashio) ရှိ သင်တန်းခန်းမတွင် ယနေ့တွင် အင်္ဂလိပ်စကားပြောရက်တိုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက် (၁၀) နာရီအချိန် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းသပြေခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ​ပေး​ဟော​ပြောပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
Sep 28,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာဗဟုသုတ အဖြာဖြာ (၂၀၂၃) စာအုပ်” ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (လားရှိုး) Community Centre–Lashio ရှိ စာပေဗိမာန်အရောင်းဆိုင်တွင် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
Sep 28,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ယမန်နေ့ ညနေပိုင်းတွင် ပေါက်တောမြို့ အမှတ်(၃) ရပ်ကွက်ရှိ ဦးမြဝါပန်းခြံသို့ Mobile Library စနစ်ဖြင့် ကွင်းဆင်းသွားရောက်၍ စာအုပ်များ ငှားရမ်းပေးခဲ့သည်။