နယ်ရုံးများ၏သတင်းများ

Oct 09,2023
အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း အမှတ်(၃)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
Oct 09,2023
ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ရေဟော်ကျောင်းတိုက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ယနေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ညဏ်ရည်ညဏ်သွေး မြင့်မားလာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်စာအုပ် စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ယခုနှစ် မိုးရာသီတွင် မိုးစပါးဧက (၁၂၁၀၆)ကို   စိုက်ပျိုးရန်လျာထားခဲ့သော်လည်း စိုက်ဧက(၁၃၈၀၇)ထိ စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက် (၁၇၀၁)ဧက   ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
Oct 09,2023
တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ခရိုင်၊  မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရောင်စုံစက္ကူများဖြင့်  မီးပုံးပြုလုပ်ခြင်း၊ အမြင့်ခုန်ခြင်းနှင့်ပြိုင်ပွဲများပြုလုပ်ခြင်းကိုယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
Oct 08,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့သည့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။