နယ်ရုံးများ၏သတင်းများ

Nov 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန၌ လူငယ်များ၊ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
Nov 14,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ထက်တန်းကျောင်းခွဲ အ.လ.က (၄) ကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က(၄) ကျောင်း၌ ကျင်းပခဲ့သည်။
Nov 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် mobile library စနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ကွင်းဆင်းငှားရမ်းပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Nov 13,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
Nov 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 13,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက် မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့်ဝန်ထမ်းများအား Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃) ရပ်ကွက်သို့ သွားရောက်ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
Nov 13,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ ​အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။