နယ်ရုံးများ၏သတင်းများ

Feb 14,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community centre)အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က Book Club နှင့် ပူးပေါင်း၍ မောင်မင်းစိုး၏ “မအောင်မြင်ခြင်းရဲ့ ဇာတ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Feb 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လယ် (၁၂) နာရီ (၁၅) မိနစ်အချိန်က ပုံပြင်ပြောပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြိုတွင်  စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲဝင်များနှင့် စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
Feb 11,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က အမှတ်(၁)ခြေခံပညာအထက်တန်းကျောင်းတွင်ဖြန့်ဝေခဲ့သည်။
Feb 11,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ရှမ်းတောရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ရှမ်းတော)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 11,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Feb 11,2024
မန္တလေးတိုင်းဒသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌ ကျင်းပခဲ့သည်။
Feb 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ဉာဏ်စမ်း ပ‌ဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြသပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။