နယ်ရုံးများ၏သတင်းများ

Nov 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ညနေ ၃ နာရီခွဲက စစ်တုရင်ပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 16,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့သည်။
Nov 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စမ်းချောင်းမြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က တော်ခရမ်းလေးကျေးရွာ အ.ထ.က (ခွဲ) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ် ပေါက်လေးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် လက်ပံဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပညာ​ရေးဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပေါက်လေးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် လက်ပံဦး အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ရှေးဦးပြုစုခြင်းအကြောင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း နေမျိုးစည်သူခန်းမတွင် ကျင်းပကြောင်းသိရသည်။
Nov 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။