သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

သရက်ချောင်း    ဖေဖော်ဝါရီ    ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ တိုင်းရင်းသားလူမျိုးစုများအကြောင်း၊ နေ့ထူးနေ့မြတ်များအကြောင်းကို ကျောင်းသား/သူများ သိရှိနားလာစေရန် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကာယ၊ ဉာဏပြိုင်ပွဲနှင့် ပြိုင်ပွဲများကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ပြိုင်ပွဲများ၏ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းသား/သူ(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ‌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)