သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ ပြိုင်ပွဲများပြုလုပ်

သုံးခွ ဖေဖော်ဝါရီ ၈

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ ပြပွဲ ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ပြည်ထောင်စု၏အဓိပ္ပါယ်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း ကြောင်းများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မုဒိတာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းမင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများအား စိတ်ပျော်ရွှင်ချမ်းမြေ့စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက် မြက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အကောင်းဆုံးယှဥ်ပြိုင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်၊ စာစောင်များကိုပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည်ရှုခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)