(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုင်ကျုံမြို့ အ-မ-က ဘုရားကုန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲပြုလုပ်

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာရှိ အ-မ-က ဘုရားကုန်း(၁) ကျောင်း၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ   ယမန်နေ့နံနက် ၁၀ နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက နည်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ‌ ဟောပြောပွဲတွင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သက်သည့်အကြောင်းအရာများနှင့် နိုင်ငံကိုချစ်ခင်မြတ်နိုးပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန်လိုအပ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြသထားသည့်  ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အသိပညာပေး‌နံရံကပ်စာ‌စောင်များကို ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)