Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို ဇူလိုင်(၂၅)ရက်နေ့မှ စတင်၍ကြေညာ ကပ်ထားပေးခဲ့ရာ အဆိုပါ အမည်စာရင်း များတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်အမှတ် လစ်လပ်နေမှုများရှိသဖြင့် ဖြည့်စွက်နိုင်ရေး လုပ်ငန်းများအား ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှ အမှတ်(၇)ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကွင်းဆင်းဆောင်ရွက်သည်။