မရမ်းကုန်း သြဂုတ် ၅
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ပေးပို့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသော မဲစာရင်းတွင် သင့်အမည် ပါဝင်ပါ သလား လက်ကမ်းစာစောင်အား မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များ သည် မြို့နယ် အတွင်းရှိ ပြည်သူများထံသို့ ယမန်နေ့မွန်းလွဲ (၁)နာရီက သွားရောက် ဖြန့်ဝေခဲ့ ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မဲပေးခွင့်ရှိသူအနေဖြင့် မိမိအမည်စာရင်း ပါ/မပါ အချက် အလက် မှန်/မမှန် စစ်ဆေးရန်နှင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ၄(ဂ)ဖြင့်လည်းကောင်း ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ မပျက်မကွက်လာရောက် ကြည့်ရှု စစ်ဆေး ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ရပ်ကွက်များအတွင်း နှိုးဆော်ထားပြီး မဲစာရင်းကို ဇူလိုင် (၂၅)ရက် နေ့မှ သြဂုတ်(၇)ရက်နေ့အထိ (၁၄)ရက်တိတိ ကြေညာထား ကြောင်းနှင့် မြို့နယ်အတွင်းရှိ ပြည်သူများမှလည်း သက်ဆိုင်ရာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်ကြည့်နိုင်ကြောင်း အစရှိသည့် အချက်များပါ ရှိကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)