ဘိုကလေးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် လစ်လပ်နေမှုများအား ဖြည့်စွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

ဘိုကလေး ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို ဇူလိုင်(၂၅)ရက်နေ့မှ စတင်၍ကြေညာ ကပ်ထားပေးခဲ့ရာ အဆိုပါအမည်စာရင်းများတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်အမှတ် လစ်လပ်နေမှုများရှိသဖြင့် ဖြည့်စွက်နိုင်ရေး လုပ်ငန်းများအား ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှ အမှတ်(၇)ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကွင်းဆင်းဆောင်ရွက်သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးထွန်းထွန်းဇော်နှင့် အဖွဲ့များ၊ အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမှတ်(၇)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက် ကြခြင်းဖြစ်ကြောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးအနေဖြင့် ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာ များရှိ ကော်မရှင်ရုံးများသို့ ဆက်လက် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဘိုကလေးမြို့နယ်တွင် မဲရုံစုစုပေါင်း(၃၆၁)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၁၀၈၁၃) ဦးရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)