မအူပင် သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အောက်ထုံးကျေးရွာအုပ်စု အတွင်းရှိ အောက်ထုံးကျေးရွာ၊ အင်းတေးစုကျေးရွာ၊ မရမ်းစုကျေးရွာ၊ ဗာမဏီကျေးရွာ နှင့် စစ်ကုန်းကျေးရွာများတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးခိုင်ခန့်မှု အားနည်းသဖြင့် မြစ်ကမ်းနှင့် နီးစပ်သည့် ကမ်းပြိုဘေးအန္တရာယ်ကြောင့် နေအိမ်(၄၅) လုံး၊ အိမ်ထောင်စု(၄၅)စု ၊ လူဦးရေ (၁၈၈)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီက အောက်ထုံးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အောက်ထုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာရှိ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးအန္တရာယ်ကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၄၅)လုံး အိမ်ထောင်စု(၄၅)စု လူဦးရေ (၁၈၈) ဦးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေနှင့် ဆန်ရိက္ခာ (၇)ရက်စာအတွက် စုစုပေါင်း ရန်ပုံငွေ ကျပ်(၄၈၉၄၈၀၀)အား မအူပင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် ခရိုင်ဘေးစီမံ တာဝန်ခံတို့က ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်များ၏ ပြောင်းရွှေ့ ဆောင်ရွက်နေမှုများအား မအူပင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်ဘေးစီမံ မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများက အရေးပေါ် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ခရိုင်/ မြို့နယ် မြစ်ချောင်းဖြိုးဦးစီးဌာနမှ မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်းသိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)