Feb 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေသခံကာတွန်းဆရာများ၊ ဆောင်စုရတီစာပေတို့ ပူးပေါင်းပြီး ပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေး ရောင်းပွဲတော်အား ကျောက်ဆည်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။