မြဝတီ ဩဂုတ် ၅
မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့၌ မိုးတွင်းကာလများတွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ မြင့်တက်လျက် ရေကြီး ရေလျှံမှုများ ဖြစ်ပွားလေ့ရှိပါသည်။ မြဝတီမြို့၌ ယမန်နေ့မှစပြီး မိုးသည်းထန်စွာ ရွာသွန်းလာသည့်အတွက် သောင်ရင်းမြစ်ရေ သည် အနည်းငယ်မြင့်တက်လာခြင်းကြောင့် တာဝန်ရှိသူများမှ မြစ်ရေစီးဆင်းမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌဦးသန်း ရွှေနှင့်အဖွဲ့ ဝင်များ၊ ခရိုင် မီးသတ်တပ် ဖွဲ့ဦးစီးဌာနမှူးဦး ဖြိုးမင်းဇော်၊ ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူး ဦးကျော်သူထိုက်နှင့် တာဝန်ရှိသူများအား သောင်ရင်းမြစ်ရေစီးဆင်းမှု အခြေအနေနှင့် ရေမှတ်တိုင် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
သောင်ရင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၄၆၃ စင်တီမီတာဖြစ်ပြီး ယနေ့မွန်းလွဲ ၂ နာရီ တွင် တိုင်းတာချက်အရ ၃၈၃ စင်တီမီတာ ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)